ကောင်းကင်နိုင်ငံ၌ သိုထားသောရတနာဘဏ္ဍာ

ပထမဦးဆုံးအကြိမ် ပြည်ပခရီးသွားသူများသည် ပစ္စည်းပစ္စယများစွာ ယူသွားတတ်သည်မှာ ဖြစ်ရိုးဖြစ်စဥ်ဖြစ်သည်။ အဝေးတွင် တစ်စုံတစ်ရာ လိုအပ်မည်ကို ကြောက်ရွံ့စိုးရိမ်ခြင်းကြောင့်ဖြစ်သည်။ သို့သော် မကြာမီက ဆောင်းပါးတစ်ပုဒ်၌ အလွန်အကျွံ ပစ္စည်းသယ်သောပြဿနာနှင့်စပ်လျဥ်း၍ (ဟိုတယ်အများစု၌) ခေါင်းလျှော်ရည်၊ ဆံပင်ခြောက်စက်တို့ ရှိခြင်း၊ ဖိနပ်အပို၊ စာအုပ်များက အလွန်လေးခြင်းတို့ကြောင့် ၎င်းတို့ကို မသယ်ရန် အကြံပြုထားသည်။ ထို့ပြင် ဥရောပတစ်လွှားရှိ ကျောက်ခင်းလမ်းများပေါ်တွင် အလွန်လေးသော လက်ဆွဲအိတ်ကို တရွတ်တိုက်ဆွဲ၍ သွားရသောအခါ ပစ္စည်းနည်းနည်းပဲ ယူလာမိရင် ကောင်းသားဟု အတွေးဝင်မည်ဖြစ်ကြောင်း စာရေးသူက သတိပြုမိသည်။

“ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း အဘယ်အရာကိုမျှ ယူ၍မသွားနိုင်...”(၁ တိ ၆:၇)ဟူသည့် ရှင်ပေါလု၏ခရီးသွားအကြံပေးချက်က အတိုင်းအတာတစ်ခုအထိ ဆီလျော်သော ဥပစာတစ်ခုဖြစ်ပြီး၊ ဤအချက်ကို ပိုင်ဆိုင်မှုများစွာရှိခြင်း ပြဿနာနှင့်တွဲ၍ “ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း...ထဲသို့ ကျရောက်တတ်ကြ၏”ဟု ဖော်ပြထားသည်။ ထို့အပြင် အပိုဇယားရှုပ်…

ဘုရား၏ကရုဏာတော်ကြောင့် ရှင်ကျန်ရစ်သူများ

ချားလ်စ် ဂျော့ဟင်း (Charles Joughin)သည် ၁၁နှစ် အရွယ်မှစ၍ သင်္ဘောသားတစ်ဦးဖြစ်ခဲ့ပြီး၊ သင်္ဘောများစွာတွင် မုန့်ဖုတ်သမားအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၁၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ ဆောက်သမ်တန်မြို့မှ ရွက်လွှင့်သော တိုက်တန်းနစ် အပျော်စီးသင်္ဘောမှ သူ့ကိုငှားရမ်းခဲ့ပြီး၊ မြောက်အတ္တလန္တိတ်တွင် ရေခဲတောင်နှင့်တိုက်မိပြီး သင်္ဘောနစ်မြုပ်သွားစဉ် သူသည် လူများကို အသက်ကယ်လှေပေါ်သို့ ကူညီတင်ပေးခဲ့သည်။ သင်္ဘော ဒေါင်လိုက်နစ်မြုပ်ချိန်၌ သူသည် သင်္ဘောပဲ့ဦး၌ ရပ်နေခဲ့သည်။ အံ့ဖွယ်ရာမှာ သူအသက်မသေဘဲ လွတ်မြောက်ခဲ့သည်။

အနှစ် ၃၀ ကြာပြီးနောက် ဒုတိယကမ္ဘာစစ်အတွင်း သူသည် အောရီဂွန်ပင်လယ်ကူးသင်္ဘောပေါ်တွင် ရှိနေခဲ့သည်။ အခြားရေယာဉ်တစ်စီးက သူ့သင်္ဘောကို ဝင်တိုက်ပြီး သင်္ဘောနစ်ခဲ့သော်လည်း ထူးထူးခြားခြား၊ သူသည်သေကံမရောက်ခဲ့ပါ။

ကျွန်ုပ်တို့အားလုံးသည် နစ်မြုပ်နေသော သင်္ဘောပေါ်တွင် ရှိနေကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ပေါလုက “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ” ဟုရေးခဲ့သည်(ရော ၃:၂၃)။ သူသည် ဟေရှာယ၏စကားကို…

ဘုရားသခင်၏ပြန်လည်ဖန်တီးအသုံးချမှု

၁၉၃၀ ခုနှစ်အစောပိုင်းတွင် ကလီယိုမစ်ခ်ဗစ်ခါ(Cleo McVicker)သည် နံရံကပ်စက္ကူ သန့်စင်ဆေးအဖြစ် အသုံးပြုနိုင်သော ထုတ်ကုန်တစ်ခုကို တီထွင်ခဲ့သည်။ ထိုအချိန်က အိမ်အများစုသည် ကျောက်မီးသွေးဖြင့် အပူပေးခြင်းကြောင့် နံရံများ၌ ကြပ်ခိုးများနှင့် ဖုံးလွှမ်းနေရာ၊ ကလီယိုတီထွင်သည့် ပစ္စည်းဖြင့် နံရံကပ်စက္ကူပေါ် လှိမ့်ကာ ချေးညော်များကို ဖယ်ရှားနိုင်သည်။ ကလီယို၏ နံရံကပ်စက္ကူသန့်စင်ပစ္စည်းသည် မည်သည့်အခါမျှ ရေပန်းမစားလာသော်လည်း ဆယ်စုနှစ်များစွာကြာပြီးနောက် ကျောင်းဆရာမတစ်ဦးက ခရစ်စမတ် အဆင်တန်ဆာများ ဖန်တီးရန် ကလီယို၏ ထုတ်ကုန်ကို အတန်းထဲတွင် အသုံးပြုခဲ့သည်။ ထိုမှစတင်၍ ရိန်းဘိုးခရပ်ဖ်ထ်စ် (Rainbow Crafts)ဟူသော ကုမ္ပဏီအသစ် မွေးဖွားလာပြီး၊ နံရံကပ်စက္ကူ သန့်စင် ပစ္စည်းကို ကလေးကစားစရာ “ပလေးဒို”(Play-Doh) အဖြစ်ပြန်လည်ဖန်တီးခဲ့သည်။

ဘုရားသခင်၏ လူများ ကို ပြန်လည်အသုံးပြုနိုင်သောနည်းလမ်းက ပို၍ကြီးမား ကျယ်ပြန့်သည်။ ယောသပ်နှင့် သူ၏ “အရောင်စုံအင်္ကျီ”အကြောင်း ကျမ်းစာပုံပြင်တစ်ပုဒ်ကို ကျွန်ုပ်တို့သတိရသည်။ လူငယ်ဘဝကပင် သူသည်…

ဘုရားသခင်ပြုခဲ့သောအရာကို သိမြင်ခြင်း

Morse(မော့စ်)သည် ပရိုတက်စတင့် အမှုတော်ဆောင်တစ်ဦး၏သားဖြစ်ပြီး၊ မအောင်မြင်သော ရှုခင်းပုံရေးဆွဲသည့် ပန်းချီဆရာတစ်ဦးဖြစ်သည်။ ၁၈၂၀ ခုနှစ် များတွင် သူသည် အမေရိက ကိုလိုနီနယ်များတွင် “နယ်လှည့် ပန်းချီဆရာ”အဖြစ် ချို့တဲ့စွာ နေထိုင်ခဲ့သည်။ သို့သော် ဘုရားသခင်က သူ့ဘဝဦးတည်ရာကို လမ်းပြခဲ့သည်။ မော့စ်သည် သိပ္ပံပညာပိုင်းကိုလည်း စိတ်ဝင်စားပေရာ၊သူသည် လျှပ်စစ်သံလိုက်များအကြောင်း လေ့လာခဲ့ပြီး၊ ကမ္ဘာကြီးကို ပြောင်းလဲစေမည့် အကြံဉာဏ်များ ကွန့်မြူးခဲ့သည်။ ၁၈၃၂ တွင် Samuel F. B. Morse သည် လျှပ်စစ်ကြေးနန်းစိတ်ကူး၌ စိတ်နှစ်ခဲ့ပြီး၊ နောက်ပိုင်းတွင် ပထမဆုံးသောကြေးနန်းကို တီထွင်ခဲ့သည်။

ကျမ်းစာမှတ်တမ်းတွင် အထင်ရှားဆုံးသော “အသက်မွေးမှုအလုပ် ပြောင်းသူ”မှာ ခရစ်တော်ကို ယုံကြည်သူများအား “ခြိမ်းခြောက်၍ အသေသတ်ခြင်းငှာ ပြင်းစွာအသက်ရှု”သူ ရှောလုဖြစ်နိုင်သည်(တ ၉:၁)။ သခင်ယေရှုသည် အလင်းထဲမှ ထင်ရှားလျက်(:၃)၊ “သင်သည် ငါ့အား ညှဥ်းဆဲပြီ”ဟု ရှောလုအား မိန့်လေသည်။…

ဘုရားသခင်၏မိသားစု

၁၈၆၃ ခုနှစ်က ဖြစ်သည်။ အက်ဒ်ဝင်သည် ဂျာစီစီးတီးမြို့ရှိ မီးရထားစင်္ကြံ၌ ရပ်နေပြီး၊ လူအုပ်ကြီးက လူငယ်တစ်ဦးအား ကားရထားလာရာဘက်သို့ အတင်းတွန်းချနေသည်ကို သူကြည့်နေသည်။ ထိုလူငယ်သည် မီးရထားနှင့် စင်္ကြံကြားသို့ ပြုတ်ကျသွားသည်။ ရထားမှာ စတင်ထွက်ခွာနေရာ အက်ဒ်ဝင်သည် သူ့လက်ကမ်းပေးလိုက်ပြီး နောက်ဆုံးမိနစ်၌ ထိုလူအား ဘေးလွတ်ရာသို့ ဆွဲတင်လိုက်သည်။

အကယ်ခံလိုက်ရသူမှာ သမ္မတကြီး အေဘရာဟင်လင်ကွန်း၏သားရောဘတ်တော့ဒ်လင်ကွန်းဖြစ်သည်။ သူ့အား ကယ်ခဲ့သူ၏“မျက်နှာကို သူ ကောင်းကောင်း သိနေခြင်းမှာ အက်ဒ်ဝင်ဘုသ်သည် နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်ခြင်းကြောင့်ဟု နောက်ပိုင်းတွင် ရောဘတ်က ရေးသားခဲ့သည်။ စင်စစ် အက်ဒ်ဝင် ဘုသ်သည် နောက်နှစ်နှစ်အကြာ၌ သမ္မတအေဘရာဟမ် လင်ကွန်းအား လုပ်ကြံသည့် အခြားသရုပ်ဆောင်တစ်ဦး ဖြစ်သော ဂျွန်ဝိုက်စ်ဘုသ်၏အစ်ကိုဖြစ်သည်။

သမိုင်းဝင် ထူးဆန်းထွေလာအဖြစ်အပျက်က ကျွန်ုပ်တို့အတွက် လက်တွေ့အရှိတရားအဖြစ် ပုံဖော်လျက်ရှိသည်။ ကျွန်ုပ်တို့မွေးဖွားလာမည့် မိသားစုကို ကျွန်ုပ်တို့ ရွေးချယ်ခဲ့ခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့၏…

အရဲစွန့် ဆုတောင်းခြင်း

၂၀၁၁ ခုနှစ်တွင် Karey Packard (ကာရေ ပက်ကာဒ်) နှင့် သူမ၏သမီးတို့သည် အိမ်အသစ်သို့ ပြောင်းရွှေ့ရန် ပစ္စည်းများ ထုပ်ပိုးနေစဥ် ကာရေသည် ရုတ်တရက် ပျော့ခွေလဲကျသွားပြီး နှလုံးခုန်ရပ်သွားသည်။ ဆရာဝန်က နှလုံးပြန်ခုန်အောင် နှိုးဆွပေးသော်လည်း သူမ၏အခြေအနေမှာ တစ်ညလုံး ပိုဆိုးလာပြီး၊ သူမ၏ခင်ပွန်း ခရိတ်အား နောက်ဆုံးနှုတ်ဆက်ရန် မိသားစုများကိုခေါ်ရန် ပြောလိုက်သည်။ မိသားစုများက ခရိတ် ပြောသည့် “အရဲစွန့်ဆုတောင်း” ကို တောင်းခဲ့ကြသည်။

အရေးတကြီးပြဿနာပေါ်လာပါက ကျွန်ုပ်တို့သည် အရဲစွန့်ဆုတောင်းကို မည်မျှမကြာခဏ တောင်းမိကြသနည်း။ မာရိ၊ မာသတို့ တောင်းခဲ့သည်။ သူတို့က သခင်ယေရှုထံသို့ “သခင်၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက်နေပါသည်”(ယော ၁၁:၃) ဟူ၍ သူတို့၏မောင်လာဇရုအကြောင်းကို သတင်းပါးလိုက်သည်။ ခရစ်တော်ရောက်လာချိန်တွင် လာဇရုသေသည်မှာ လေးရက်ပင် ရှိနေပြီ ဖြစ်သည်။ မာသသည် မချိတင်ကဲစွာဖြင့် “ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ”ဟု ဆိုသည် (:၂၁)။…

ပူဆွေးနေသော ဘုရားသခင်

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တူရကီနိုင်ငံ၏ ပြင်းထန်ငလျင်လှုပ်ခတ်မှုအပြီးတွင် အပျက်အစီးများကြားတွင် ထိုင်လျက် အုတ်ကျိုးအုတ်ပဲ့ကြားမှ ထွက်နေသည့်သမီး၏လက်ကို ဆုပ်ကိုင်ထားသည့် ဖခင်တစ်ဦး၏ ဓာတ်ပုံက သတင်းမီဒီယာများတွင် လူတို့၏အာရုံကို ဖမ်းစားခဲ့သည်။ သူ့သမီးအိပ်နေသော မွေ့ရာအစွန်းကို မြင်နေရပြီး ယခုကိုင်ထားသည့် သက်မဲ့လက်ချောင်းများကိုလည်း တွေ့ရသည်။ ဖခင်၏မျက်နှာမှာ ညှိုးငယ်လျက်၊ အလွန်ဝမ်းနည်းနေသည်။

အံကြိတ်ထားသော ဤဖခင်၏မျက်နှာတွင် ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင် အဘ၏ အလားတူပုံကို မှန်းမြင်မိသည်။ ဘုရားသခင်သည် သူ၏ဖန်ဆင်းခြင်းတွင် အပြစ်၏ဖျက်ဆီးမှုကြောင့် ဝမ်းနည်းကြေကွဲခဲ့ကြောင်း ကမ္ဘာဦးကျမ်းတွင် “နှလုံးတော်ပူပန်လျက် ရှိတော်မူ၏” (၆:၆)ဟု ‌ဖော်ပြထားသည် ။ အနာဂတ်၌ ပေါ်ထွန်းမည့်မေရှိယနှင့်စပ်လျဥ်း၍ ဟေရှာယက သူသည် “ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် အကျွမ်းဝင်သောသူဖြစ်၏”(၅၃:၃)ဟု ဆိုသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက်၊ ကျွန်ုပ်တို့နှင့်အတူ ဝမ်းနည်းပူဆွေးပြီး၊ ကျိုးပဲ့သော အသက်တာ၏အစွန်းအဖျားတွင် ထိုင်ကာ “ငါသည် သင်၏လက်ျာလက်ကို ကိုင်ပြီးမစမည့် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်”…

ခရစ်တော်၌ အသက်ရှင်ခြင်းနှင့်သေခြင်း

ကွပ်မျက်ရေးသေနတ်တပ်ဖွဲ့နှင့် ရင်ဆိုင်ရသည့် ဖရောဒို ဒေါ့စ်တိုယက်စကီး (Fyodor Dostoevsky)သည် သူ့ဘဝ၏နောက်ဆုံးအချိန်ကို တိတ်တဆိတ် ရေတွက် ခဲ့သည်။ ဒေါ့စ်တိုယက်စကီး သည် သခင်ယေရှုကို ယုံကြည်သူတစ်ဦးဖြစ်ပြီး စာပေအမျိုးအစားအားလုံးတွင် အကောင်းဆုံးစာရေးဆရာများအနက် တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သူ၏အထင်ကရဝတ္ထု The Brothers Karamazov (ခရမ်းမဇော့ဗ်ညီအစ်ကိုများ)တွင် ဘုရားသခင်၊ ဘဝအသက်တာ နှင့် သေခြင်း အကြောင်းကို လေ့လာဖော်ထုတ်ထားသည်။ ဒေါ့စ်တိုယက်စကီး သည် “ခရစ်တော်အကြောင်းကို တက်ကြွစွာ ပြောဆိုခဲ့သည်။” ရိုင်ဖယ်သေနတ်များ မြှောက်သွား ခဲ့ပြီး “အသင့်ပြင်....ချိန်...”။

သခင်ယေရှုသည် “အချိန်ရောက်ပြီ” (ယော ၁၂:၂၃) ဟု ဆိုလျက် သူ၏အသေခံခြင်းကို အရိပ်အမြွက်ပြောကြားကာ ထာဝရအသက်၏တန်ဖိုးနှင့် သေခြင်းအကြောင်း ကို သူ၏တပည့်တော်များနှင့် ကျွန်ုပ်တို့အား မိန့်ကြားခဲ့သည်။ ထိုပုံဆောင်ချက်မှာ မိမိ၏စွန့်လွှတ်အနစ်နာခံခြင်းဖြင့် ကြီးမားသောအကျိုးဆက်ကို ဖြစ်ထွန်းစေသော မျိုးစေ့ဥပမာ (ကျွန်ုပ်တို့အသက်တာ) ဖြစ်သည်(:၂၄)။ သခင်ယေရှုသည်…

ကမ္ဘာအဆက်ဆက် ကျွန်ုပ်တို့နှင့်အတူရှိသောဘုရား

ဒိန်းမတ်နိုင်ငံမှ လေ့လာမှုတစ်ခုတွင် ကျွန်ုပ်တို့အများစုကြုံရလေ့ရှိသည့် မိမိကိုယ်ကို လက်ရှိအသက်ထက်ပိုငယ်သည်ဟု ထင်မြင်တတ်ခြင်းကို တွေ့ရှိခဲ့သည်။ လေ့လာချက်များအရ မိမိ၏လက်ရှိအသက်အရွယ် မည်သို့ပင်ရှိရှိ ကျွန်ုပ်တို့အားလုံးသည် မိမိကိုယ်ကို ၂၀% လောက်ငယ်သည်ဟု မြင်ကြသည်။ အသက် ၅၀ အရွယ်အမျိုးသမီးက သူ့ကိုယ်သူ အသက် ၄၀ အရွယ်ဟု စိတ်ကူးယဉ်တတ်သည်။ (“ဝါး၊ ငါ့အသက်က ၅ နှစ်၊ ဒါပေမဲ့ ငါ့မှာ ၄ နှစ်သားတစ်ယောက်ရဲ့ သွက်လက်မှုနဲ့ နုပျိုမှုတို့ရှိတာပဲ”ဟု ကလေးအတွေး ဟာသဇာတ်လမ်းပမာ ယုတ္တိမဆန်ဖြစ်နေသည်။)

ကျွန်ုပ်တို့အားလုံး အသက်ကြီးလာခြင်းကို အထူးတလည် သိပ္ပံနည်းကျလေ့လာပြီး သိသာထင်ရှားစွာ ဖော်ပြရန် မလိုအပ်ပါ။ ဤအကြောင်းကိုလည်း နှုတ်ကပတ်တော်၌ များစွာပြောထားပါသည်။ ဟေရှာယအနာဂတ္တိကျမ်းတွင် အိုမင်းရင့်ရော်ကာ နွမ်းနယ်လာသည့် ဣသရေလလူမျိုးတို့အားရည်ညွှန်းခြင်းဖြစ်သော်လည်း ကျမ်းအနက်ဖွင့်သည့် ဓမ္မပညာရှင်တစ်ယောက်က “ဣသရေလ အမျိုးအား ပေးထားသော ဤကတိတော်သည် အိုမင်းအားယုတ်လာသည့်လူမျိုး နည်းတူ ရှေးကပြုခဲ့သော ကတိတော်ဟောင်း…

စစ်၍မကုန်နိုင်သောဉာဏ်နှင့် ပြည့်စုံသောဘုရားရှင်

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျိမ်းစ်ဝက်ဘ် မှန်ပြောင်းသည် အံ့ဩဖွယ်ရှာဖွေ တွေ့ရှိမှုကြီး နောက်တစ်ခုကို ပြုခဲ့သည်။ လူသားမျိုးနွယ်များ အာကာသတွင်းသို့ ကြည့်နိုင်သည့် ယခင်က နေရာထက်ကျော်၍ ကြယ်စင်စုဝေး ၆ ခုကို ၎င်းကတွေ့ရှိ ခဲ့သည်။ဤသို့ရှာဖွေတွေ့ရှိမှုသည် အာကာသနှင့်ပတ်သက်၍ ကျွန်ုပ်တို့သိထားသော အရာများကို လုံးဝပြောင်းလဲခဲ့သည်။ နက္ခတ်ဗေဒပညာရှင်တစ်ဦးက “ဖြစ်ချင်တော့ ကျွန်ုပ်တို့ရှာတွေ့ထားတာက လုံးဝထင်မထားတဲ့အရာဖြစ်နေတော့ သိပ္ပံပညာအတွက် ပြဿနာတွေဖြစ်လာတယ်”ဟု ဆိုသည်။ နက္ခတ္တရူပပညာရှင်တစ်ဦးက လည်း “မသိဘူးဆိုတာ ဘာမှမဖြစ်ပါဘူး”ဟု အားငယ်စွာ ပြောသည်။

ဘုရားသခင်က ကျွန်တော်တို့အားလုံး အံ့ဩအောင် ဆက်လက်၍ လုပ်ဆောင် နေဆဲဖြစ်သည်။ အာကာသကြည့်မှန်ပြောင်းများ မပေါ်မီကပင် ရှိခဲ့သောပရောဖက် ဟေရှာယက ယနေ့ခေတ်သိပ္ပံပညာရှင်များကို တိုက်ရိုက်စကား ပြောနေသကဲ့သို့ဖြစ်ပါသည်။ “မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကို ...သင်သည် မသိမကြားဖူးသလော”(ဟေရှာ ၄၀:၂၈)။ ဘုရားသခင်သည် “စစ်၍ မကုန်နိုင်သောဉာဏ်နှင့် ပြည့်စုံတော်မူ”သည်ဟုလည်း နက္ခတရူပဗေဒပညာရှင်ထက်…